Online Safety for Teens

ဒီနေ့ခေတ်မှာ လူငယ်တွေ အင်တာနက်ကို နေ့တိုင်းလိုလို သုံးလာကြတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲဆိုတာ အခြေခံအနေနဲ့ သတိပြုဖို့ လိုလာပါတယ်။ အွန်လိုင်းပေါ်မှာ ကလေးနဲ့ လူငယ်တွေအတွက် မသင့်တော်တဲ့ အကြောင်းအရာတွေ များတာကြောင့် ဒီအချက်တွေကို သတိထားရပါမယ်။

  • အွန်လိုင်းပေါ်က အန္တရာယ်များ - အင်တာနက် သုံးရင်း အကြမ်းဖက်မှု၊ အမုန်းစကားတွေနဲ့ မကြည့်သင့်တဲ့ ဝဘ်ဆိုက်တွေကို မတော်တဆ ကြည့်မိသွားနိုင်ပါတယ်။

  • အွန်လိုင်း သူငယ်ချင်းများကို သတိထားပါ - လူမှုကွန်ရက်ပေါ်မှာ ကလေးတွေကို ပစ်မှတ်ထားသူတွေဟာ အသက်တူရွယ်တူလို ဟန်ဆောင်ပြီး နီးစပ်အောင် ချဉ်းကပ်ပြီးမှ အိမ်နဲ့ မိသားစု အကြောင်းအရာတွေကို စုံစမ်းလေ့ရှိပါတယ်။ ဒါကြောင့် ပြင်ပမှာ တကယ် မသိတဲ့ အွန်လိုင်း သူငယ်ချင်းတွေကို အပြည့်အဝ မယုံကြည်ဖို့ လိုပါတယ်။

  • မိဘအုပ်ထိန်းသူများရဲ့ စောင့်ကြည့်မှု - မိဘတွေအနေနဲ့ ကိုယ့်ကလေး အင်တာနက် ဘယ်လိုသုံးနေလဲဆိုတာ သတိထားပေးဖို့ လိုသလို ကလေးတွေ သုံးထားတဲ့ Search History တွေကို မကြာခဏ စစ်ဆေးကြည့်ရှုပေးရင်လည်း အန္တရာယ်ရှိနိုင်တာတွေကို ကြိုတင် ခြေရာခံနိုင်ပါတယ်။

  • နွေးထွေးတဲ့ ဆက်ဆံရေး ထူထောင်ပါ - တစ်ခုခု ပြဿနာကြုံရရင် မိဘကို ပွင့်ပွင့်လင်းလင်း ပြန်ပြောပြရဲအောင် ကလေးနဲ့ မိဘအကြား နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားသင့်ပါတယ်။

  • နည်းပညာအကူအညီနှင့် မိဘများ၏ အခန်းကဏ္ဍ - မသင့်တော်တဲ့ ဝဘ်ဆိုက်တွေကို Internet Provider တွေကတစ်ဆင့် Block ထားတာမျိုး လုပ်နိုင်ပေမဲ့ ဒါဟာ နည်းပညာအရ အထောက်အကူပြုရုံလောက်သာဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း စိတ်မချရပါဘူး။ မိဘအုပ်ထိန်းသူတွေရဲ့ အနီးကပ် စောင့်ကြည့်လမ်းပြပေးမှုကသာ ကလေးတွေအတွက် အထိရောက်ဆုံး ကာကွယ်မှု ဖြစ်ပါတယ်။