တုံ့ပြန်မှု မလုပ်ဘဲ ငြိမ်နေပါ - အနိုင်ကျင့်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်က တုံ့ပြန်တာနဲ့ အရေးစိုက်တာကို လိုချင်ကြလို့ပါ။ ရိုင်းပြတဲ့စာတွေ လက်ခံရတဲ့အခါ စိတ်လှုပ်ရှားပြီး ဒေါသနဲ့ ချက်ချင်းတုံ့ပြန်လိုက်ရင် တစ်ဖက်လူချထားတဲ့လမ်းကို လျှောက်လိုက်သလို ဖြစ်သွားတတ်ပါတယ်။
စိတ်ကို အေးအေးထားပါ - အကောင်းဆုံးကတော့ ချက်ချင်းတုံ့ပြန်တာမျိုး မလုပ်ပဲ စိတ်ကိုအေးအောင်ထားပါ။ အပြန်အလှန် ဆက်သွယ်မှု မရှိတော့ရင် တစ်ဖက်လူအနေနဲ့ ဆက်လုပ်စရာလမ်းမရှိတော့ဘဲ ရပ်သွားဖို့ အခွင့်အရေးများပါတယ်။
အကောင့်ကို ပိတ်ဆို့ပါ (Block) - အွန်လိုင်းတိုက်ခိုက်ခံရတာ သေချာပြီဆိုရင် တုံ့ပြန်မယ့်အစား လာတိုက်ခိုက်တဲ့ အကောင့်ကို Block တာ၊ သူငယ်ချင်းစာရင်း (Friend) ထဲကနေ ထုတ်တာမျိုးလုပ်ပြီး အဲဒီသူနဲ့ ရှိနေတဲ့ တခြားချိတ်ဆက်မှုတွေကိုပါ ဖြတ်တောက်ပါ။
ယုံကြည်ရသူကို ပြောပြပါ - မိဘအုပ်ထိန်းသူတွေ၊ ဆရာ/ဆရာမတွေလို ကိုယ်ယုံကြည်ရတဲ့သူတွေကို အမြန်ဆုံး ပြောပြတိုင်ပင်ပါ။
မိဘများအနေဖြင့် ကူညီဆောင်ရွက်ပေးပါ - မိဘအုပ်ထိန်းသူတွေအနေနဲ့ ကလေးက လာပြောတဲ့အခါ အားပေးနှစ်သိမ့်ရင်း ကလေးရဲ့လုပ်ဆောင်ချက် မှန်ကန်ကြောင်း ပြောပြပါ။ တကယ်လို့ အနိုင်ကျင့်တဲ့သူက ကလေးတက်တဲ့ကျောင်းက ဖြစ်နေရင် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အကြောင်းကြားတာ၊ လိုအပ်ရင် တရားဥပဒေအရ အကြံဉာဏ်ရယူတာတွေ လုပ်ဆောင်ပေးပါ။