မိဘကို အကြောင်းကြားပါ - အွန်လိုင်းပေါ်မှာ ကိုယ့်ကို အနှောင့်အယှက်ပေးတဲ့ အပြုအမူမျိုး ကြုံရရင် မသိချင်ယောင်ဆောင်မနေဘဲ မိဘအုပ်ထိန်းသူတွေကို ချက်ချင်း ပြောပြပါ။
ကိုယ်ရေးအချက်အလက် မမျှဝေပါနဲ့ - အွန်လိုင်းမှာမှ ခင်တာမျိုး ဒါမှမဟုတ် မသိတဲ့သူတွေကို ကိုယ့်အိမ်လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်တော့မှ မပေးပါနဲ့။
ပြင်ပမှာ မတွေ့ပါနဲ့ - အွန်လိုင်းမှာပဲ သိတဲ့သူတွေကို မိဘအုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်မပါဘဲ ပြင်ပမှာ သွားမတွေ့ပါနဲ့။
မသိတဲ့ ဖိုင်တွေကို Download မလုပ်ပါနဲ့ - ကိုယ်မသိတဲ့သူ ဒါမှမဟုတ် မသင်္ကာတဲ့နေရာတွေက လာတဲ့ ဖိုင်အတွဲ (Attached documents) တွေကို Download မဆွဲပါနဲ့။
ဓာတ်ပုံ မပို့ပါနဲ့ - ပြင်ပမှာ ကိုယ်တကယ် အပြင်မှာ မသိတဲ့သူတွေဆီ ကိုယ့်ဓာတ်ပုံ ပို့တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။
အချိန်အကန့်အသတ်နဲ့ သုံးပါ - အွန်လိုင်းပေါ်မှာပဲ တနေကုန် အချိန်ကုန်နေတာမျိုး ရှောင်ပါ။
ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ - ကိုယ့်ကို တမင် စော်ကားရေးသားထားတဲ့ စာတွေ၊ အမုန်းစကားတွေ ရောက်လာခဲ့ရင် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ မိဘအုပ်ထိန်းသူတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး အကြံတောင်းပါ။
မိဘ ခွင့်ပြုချက်ယူပါ - မိဘအုပ်ထိန်းသူတွေရဲ့ ကတ် (Credit Card / Bank Card) တွေကို ခွင့်ပြုချက်မရဘဲ အွန်လိုင်းမှာ ဝယ်ယူဖို့ မသုံးပါနဲ့။
အပြန်အလှန် လေးစားပါ - သူတစ်ပါးကို စာနာမှုမရှိတာ၊ ရိုင်းစိုင်းတာ ဒါမှမဟုတ် ခြိမ်းခြောက်တဲ့ စာမျိုးတွေကို အွန်လိုင်းပေါ်မှာ ဘယ်တော့မှ မတင်ပါနဲ့။