ချစ်ရတဲ့ သူငယ်ချင်းရေ။ ရှုပ်ထွေးပွေလီ မောပန်းနေတဲ့ နေ့စဉ်ဘဝတွေကနေ ခဏလောက် ပြတင်းတံခါးလေး ဖွင့်ကြည့်လိုက်ပါ။
နွေးထွေးတဲ့ မနက်ခင်း နေရောင်ခြည်အောက်မှာ လေပြည်ညှင်းလေးတွေ အေးအေးလေး တိုက်နေပြီး ရောင်စုံ သစ်ခွတွေ နှင်းဆီလေးတွ လန်းလန်းဆန်းဆန်း ပွင့်နေတဲ့ ပန်းခြံထဲလေးကို မြင်ယောင်ကြည့်လိုက်ပါ။ အေးအေးချမ်းချမ်း လျှောက်လှမ်းနိုင်မယ့် ကျောက်လမ်းလေး ကလဲ ပန်းခြံလေးဆီ သူငယ်ချင်းကို ပို့ပေးဖို့ အသင့်စောင့်နေလေရဲ့။ နားနားနေနေ ထိုင်ပြီး စာဖတ်ဖို့ ချစ်စရာကောင်းတဲ့ ဒါန်းလေးရယ် ကော်ဖီနွေးနွေး လေးရယ် ကလဲ မင်းကို မျှော်နေတယ်လေ။ ရောင်စုံ လိပ်ပြာလေးတွေ ပန်းကလေးတွေပေါ်မှာ ပျံဝဲနေတာကို ကြည့် ကြည်နူးရင်း တေးဆိုငှက်လေးရဲ့ ချိုမြိန်တဲ့ သီချင်းသံကိုလဲ အတူတူနားဆင်ကြရအောင်လားကွယ်။ သူငယ်ချင်းအတွက် သီးသန့်ဖန်တီးထားတဲ့ ဒီလို အလှစုံနေတဲ့ မနက်ခင်းပန်းချီကားလေးမှာ ရသစုံတဲ့ စာအုပ်လေး တစ်အုပ် အတူဖတ်ကြဖို့ “Memories of Velvet Wings” ဆီကို ရောက်အောင် လှမ်းခဲ့ပါလား သူငယ်ချင်းလေးရေ။
Memories of Velvet Wings က အေးငြိမ်းတိတ်ဆိတ်ပြီး စိတ်လွတ်မြောက်မှုရစေမယ့် ရသစာလေးတွေကို စုထားပေးမယ့် နူးညံ့မှုတွေနဲ့ ဖြစ်တည်နေတဲ့ အနုပညာပန်းခင်းလေး တစ်ခုပါ။ ဒီပန်းခင်းလေးထဲမှာ ပွင့်လန်းနေတဲ့ ပန်းအမျိူးစုံကို အပိုင်းလေးတွေ ခွဲထားတာမို့ နှစ်သက်ရာ ပန်းခင်းလေးဆီ လှမ်းလာလှည့်ပါ။
| Comics & Funs | Grace & Etiquette | Whispered Tales |
|---|---|---|
| funny ideas and cartoons | manners, respectful communication, and societal grace | short stories and poems |