Chatting with a friend - 2

ကိုယ်ပိုင်ယုံကြည်မှုတွေ ထိရှလွယ်တဲ့ အကြောင်းအရာတွေကို ရှောင်ရင်း၊ ပေါ့ပေါ့ပါးပါးနဲ့ စကားလက်ဆုံကျနိုင်သလို တစ်ယောက်နဲ့တစ်ယောက်လည်း ပိုပြီးရင်းနှီးစေမယ့် Topic လေးတွေ အများကြီးရှိပါတယ်။ ဥပမာ -

🍀 Nature and Weather: လှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု အခြေအနေတွေ။

🎨 Arts and Gallery: စိတ်ဝင်စားစရာ အနုပညာနဲ့ အနုပညာပြခန်းတွေအကြောင်း။

✈️ Travel Experience: အရင်သွားခဲ့ဖူးတဲ့ ခရီးသွားအမှတ်တရတွေနဲ့ နောက်ထပ်သွားကြမယ့် Trip အစီအစဉ်တွေ။

🎮 Hobbies and Passion: ကိုယ်ဆော့နေတဲ့ဂိမ်း၊ ကြည့်ဖြစ်နေတဲ့ ရုပ်ရှင်/စီးရီး၊ ဖတ်နေတဲ့ စာအုပ်နဲ့ နားထောင်ဖြစ်တဲ့ သီချင်းအသစ်တွေအကြောင်း။

🍳 Food and Cooking: ဆိုင်အသစ်တွေ၊ Cozy ဖြစ်တဲ့ ကော်ဖီဆိုင်လေးတွေ အပြန်အလှန် ညွှန်းကြတာမျိုး (သို့မဟုတ်) အိမ်မှာ ကိုယ်တိုင်ချက်စားတဲ့အကြောင်းတွေ။ YouTube ကြည့်ပြီး လိုက်လုပ်လိုက်တာ ကိတ်မုန့်ကနေ ဘိန်းမုန့်ဖြစ်သွားလို့... ခုပြန်တွေးရင် ရယ်ရပေမဲ့ အဲဒီအချိန်က အတော်လေးမောသွားခဲ့ရတဲ့ အလွဲလေးတွေအကြောင်းလည်း ပြောလို့ရပါသေးတယ်။

ဒီလိုအကြောင်းအရာလေးတွေကို ဟော့ပေါ့ဘူဖေးလေး ထိုင်စားရင်း၊ ဘီယာအေးအေးလေး သောက်ရင်းနဲ့ ပြောကြမယ်ဆိုရင် ရယ်ရင်းမောရင်း စကားဝိုင်းက တကယ့်ကို လှပနေမှာတော့ အသေအချာပါပဲ။