သူငယ်ချင်းတွေကြားမှာ "ချစ်ခင်ခြင်းတွေ အရောင်မစွန်းဖို့" အတတ်နိုင်ဆုံး ရှောင်ရမယ့် အကြောင်းအရာ (၅) မျိုး
လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်၊ အယူအဆနဲ့ ခံယူချက်တွေ ကွာခြားတတ်ကြတာ သဘာဝပါပဲ။ ဒါကြောင့် ကိုယ်ခင်မင်ရတဲ့သူတွေနဲ့ ဆက်ဆံရေး အဆင်ပြေပြေ ရေရှည်လက်တွဲနိုင်ဖို့ ဒီအကြောင်းအရာ (၅) မျိုးနဲ့ ပတ်သက်ပြီး စကားလက်ဆုံ မဆုံမိတာ အကောင်းဆုံးပါပဲ။
Politics (နိုင်ငံရေး): အမြင်ကွဲလွဲမှုကြောင့် ဆက်ဆံရေး အက်ကွဲကြောင်း ထင်လွယ်စေပါတယ်။
Religion (ဘာသာရေး): တစ်ဦးစီရဲ့ လေးနက်တဲ့ ယုံကြည်ကိုးကွယ်မှု ဖြစ်ပါတယ်။
Health (ကျန်းမာရေး): လူတိုင်းက မိမိရဲ့ ကျန်းမာရေးအခြေအနေကို လူတွေကြားထဲ ချမပြချင်ကြပါဘူး။
Sex (လိင်မှုရေးရာ): ထိခိုက်လွယ်ပြီး ကိုယ်ပိုင်သီးသန့်ဖြစ်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။
Finance (ငွေကြေး): ငွေကြေးအခြေအနေအကြောင်း ပြောဆိုခြင်းက အားနာစရာ သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်လာနိုင်ပါတယ်။